
မြန်မာ့ဈေးကွက်နှင့် COVID စိန်ခေါ်မှုများကို ရင်ဆိုင်ရန် Misfit Technologies နှင့် iD Creative Solutions တို့လက်တွဲ
ဒီနေ့ဒစ်ဂျစ်တယ်ခေတ်ကို ထိုးဖောက်ကျော်လွှားနိုင်ရန်အတွက် ဒီဇိုင်း၊ ဆန်းသစ်တီထွင်မှုနှင့် နည်းပညာကုမ္ပဏီတစ်ခု ဖြစ်သည့် Misfit Technologies သည် iD Creative Solutions နှင့်ပူးပေါင်းလိုက်ပြီဖြစ်သည်။
Ai နည်းပညာ၊ Machine Learning၊ Myanmar OCR နှင့် ဒီဂျစ်တယ် KYC solution၊ Management System၊ Audio/Video Communication များ၊ Conference Platform ၊ Market Research ၊ Survey Platform နှင့် အခြားဒီဂျစ်တယ်နှင့် Social Media ပေါ်မှတီထွင်ဆန်းသစ်မှုများကြောင့် Misfit Tech မှာလည်း အာရှတစ်ခွင် တိုးတက်မှုကြီးမားလာခဲ့သည်။
နည်းပညာ Start up လုပ်ငန်းတစ်ခုအနေနဲ့ Technology Solution များကို High Performing ဖြစ်သော Website များ၊ Mobile Application များဖြစ်သော Game-Changing နှင့် COVID-19 ကာလအတွင်း သုံးစွဲသူများအတွက် အကျိုးရှိပြီး တစ်ကမ္ဘာလုံးအသုံးချနိုင်သည့် ဆောင်ရွက်ချက်များဖြင့် ဆောင်ရွက်ချက်များကို တိုးချဲ့လျက်ရှိသည်။
Stay at home ကာလ အသွားအလာကန့်သတ်မှုများကြောင့် နည်းပညာအပေါ် ပိုမိုအားကိုးလာရပြီး စီးပွားရေးလုပ်ငန်း တော်တော်များများ မှာလည်း Customer များ၊ Client များနှင့်ဆက်သွယ်ရန် Social Media ပေါ်သို့ ရောက်ရှိလာခဲ့ကြသည်။
Misfit Tech ကုမ္ပဏီ၏ အခွဲတစ်ခုဖြစ်သော Alice Labs ၏ AI-Based omni-channel CRM platform တွင် Alice သည် Misfit ပါဝင်ထာသော နိုင်ငံအတော်များများရှိ Global Brand များနှင့် ထိပ်တန်း FMCG ကုမ္ပဏီကြီးများ၏ ယုံကြည်မှုကို ရရှိထားသော နည်းပညာတစ်မျိုးလည်း ဖြစ်သည်။ Alice ၏ Natural Language Processing (NCP) သည် Chatbots, အရောင်းစာရင်း၊ ပရိုမိုးရှင်း၊ အကြံပေးခြင်း၊ စစ်တမ်းကောက်ယူခြင်း Feedback များနားထောင်ပေးခြင်း၊ Customer Service နှင့် အခြားကဏ္ဍများဖြစ်သော FMCG, E-commerce, Telecommunication, Banking & Insurance, Retail, Food & Beverage, နှင့် Social Media စသော ကဏ္ဍများတွင် ဘာသာစကားမျိုးစုံဖြင့် အထောက်အပံ့များ ပေးနိုင်မည်ဖြစ်သည်။
Omni-channel ကိုအသုံးပြုပြီး Facebook, Messenger, Viber, Website, WhatsApp စသော Social Media အမျိုးမျိုးနှင့်လည်း ပေါင်းစပ်အသုံးပြုနိုင်ပြီး ယခုကဲ့သို့ စိန်ခေါ်မှုများပြည့်နက်နေသော ကာလအတွင်း ကုမ္ပဏီများအတွက် ပြီးပြည့်စုံသော အထောက်အပံ့တစ်ခု ပေးနိုင်မည်ဖြစ်သည်။
စင်္ကာပူ၌ ရုံးချုပ်ထားရှိပြီး အင်ဒိုနီးရှား၊ မြန်မာ၊ နီပေါနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံများတွင် ရုံးခွဲများထားရှိသော Misfit Technologies ကို ပြည်တွင်းတွင် ခိုင်ခိုင်မာမာတည်ရှိခြင်းနှင့် အာရှတွင်း Technology Solution များစွာထောက်ပံ့ပေးနေသော ထိပ်တန်းကုမ္ပဏီတစ်ခု ဖြစ်သောကြောင့် Partner အဖြစ် iD Creative Solution မှလည်း သတ်မှတ်လိုက်ခြင်းဖြစ်သည်။
iD Creative Solutions သည် ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံ၌ စတင်တည်ထောင်ခဲ့ပြီး Branding, Events နှင့် Film Activities များကြောင့် ပြည်တွင်းတွင်သာမက ပြည်ပနိုင်ငံများတွင်ပါ နာမည်ရခဲ့သည်။
Global Nation-branding နှင့်သက်ဆိုင်သော iD Creative Solutions (BBC World News, Channel News Asia နှင့် CNN International မှထုတ်လွှင့်သော) သည် ဈေးကွက်အတွင်းသို့ တီထွင်ဆန်းသစ်မှုများကို ကမ္ဘာ့အဆင့်မီစံနှုန်းများနှင့် ယူဆောင်လာပေးနေခြင်း ဖြစ်သည်။
Credit To: https://mm.myanmartechpress.com/id-creative-solutions-and-misfit-technologies/
Additional info:
For enquiries please contact: info@misfit.tech
Visit us on Facebook: https://www.facebook.com/Tech.Misfit
Follow us on LinkedIn: https://www.linkedin.com/company/misfit-technologies-ltd